Zhong Lian Feng Co.,Ltd. ၏ သံရည်ကျိုခြင်းနှင့် သံချောင်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း EIA အစီရင်ခံစာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

Zhong Lian Feng Co.,Ltd. ၏ သံရည်ကျိုခြင်းနှင့် သံချောင်းထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း အတွက် ရေးဆွဲပြုစုထားရှိသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental Impact Assessment – EIA) အစီရင်ခံစာနှင့်ပတ်သက်၍ Myanwei Environmental Solutions Company Limited အနေဖြင့် ကုမ္ပဏီတာဝန်ရှိသူများအား ၆-၁၂-၂၀၂၅ ရက်နေ့တွင် ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

Zhong Lian Feng Co.,Ltd. အနေဖြင့် သံရည်ကျိုခြင်းနှင့် သံချောင်းထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာသံမဏိစက်မှုဇုန် တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (Environmental Impact Assessment – EIA) အစီရင်ခံစာအား Myanwei Environmental Solutions Company Limited အား လုပ်ငန်းအပ်နှံရေးဆွဲစေလျက် ရှိပါသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် Myanwei Environmental Solutions Company Limited မှ မန်နေဂျင်းဒါရိုက်တာ ဦးလင်းထက်စိန်နှင့် ကျွမ်းကျင်ပညာရှင် ဒေါ်ပြည့်ဖြိုးဝင်းတို့က EIA အစီရင်ခံစာပါ အချက်များ၊ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ Zhong Lian Feng Co.,Ltd. မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခြင်း၊ သိလိုသည် များကို မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ရှင်းလင်းဆွေးနွေးပွဲကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။

Myanwei Environmental Solutions Company Limited မှ မန်နေဂျင်းဒါရိုက်တာ ဦးလင်းထက်စိန်က ရှင်းလင်းဆွေးနွေးခြင်း

Myanwei Environmental Solutions Company Limited မှ မန်နေဂျင်းဒါရိုက်တာ ဦးလင်းထက်စိန်က ရှင်းလင်းဆွေးနွေးခြင်း

Myanwei Environmental Solutions Company Limited မှ ကျွမ်းကျင်ပညာရှင် ဒေါ်ပြည့်ဖြိုးဝင်းက ရှင်းလင်းဆွေးနွေးခြင်း

Myanwei Environmental Solutions Company Limited မှ ကျွမ်းကျင်ပညာရှင် ဒေါ်ပြည့်ဖြိုးဝင်းက ရှင်းလင်းဆွေးနွေးခြင်း